ကောင်တာ၊ ဂိုဒေါင် နှင့် အကြွေးစာရင်း တစ်နေရာတည်းမှ
Android ဖုန်း၊ တက်ဘလက် သို့မဟုတ် Sunmi စက်ပေါ်တွင် ရောင်းပြီး Web dashboard မှ Stock၊ ဝယ်ယူမှု၊ ငွေစာရင်းနှင့် အစီရင်ခံစာများကို စီမံပါ။ အင်တာနက် မရှိလည်း ရောင်းနိုင်ပါသည်။
ရက် ၁၄ ရက် အခမဲ့ · ငွေပေးစရာ မလို · မိနစ်အနည်းငယ်အတွင်း ဆိုင်ဖွင့်ပြီး သုံးနိုင်
- အော့ဖ်လိုင်း ရောင်းချ
- IMEI နှင့် Serial နံပါတ်
- Batch နှင့် သက်တမ်းကုန်ရက်
- လက်ကားဈေး နှင့် အကြွေး
- ဆိုင်ခွဲများ၏ Stock
- ဘားကုဒ် Label
ရှာ၊ စကင်ဖတ်၊ ရောင်း
အမည် သို့မဟုတ် ကုဒ်ဖြင့် ရှာ၊ ကင်မရာ သို့မဟုတ် ဘားကုဒ်စကင်နာဖြင့် ဖတ်ပါ။ အရောင်/ဆိုဒ်၊ ယူနစ် (ဗူး၊ ခု) နှင့် IMEI ကို ရွေးပြီး ခြင်းထဲ ထည့်ပါ။
- ခြင်းကို ခဏ ထိန်းထားပြီး နောက်ဖောက်သည်ကို ဆက်ရောင်း
- ဈေးနှုန်းစာရင်း (Quotation) သိမ်းပြီး နောက်မှ ရောင်း
- ရောင်းပြီးသော IMEI ကို ထပ်ရောင်း၍ မရ


ငွေရှင်းပြီး မြန်မာစာ ဘောက်ချာ ထုတ်
ငွေသား၊ ကတ်၊ ချက်လက်မှတ်နှင့် အကြွေးကို ပေါင်း၍ ပေးချေနိုင်ပြီး အမ်းငွေကို တွက်ပေးသည်။ ဘောက်ချာကို ပုံအဖြစ် ဆွဲပြီး ပုံနှိပ်သဖြင့် မြန်မာ/တရုတ် စာ မှန်ကန်စွာ ထွက်သည်။
- Bluetooth၊ Wi‑Fi၊ USB ပရင်တာ နှင့် Sunmi စက်
- ဘောက်ချာကို ပုံအဖြစ် ဖောက်သည်ထံ ပို့နိုင်


အင်တာနက် ပြတ်လည်း ရောင်းမရပ်
ပစ္စည်း၊ Stock၊ ဈေးနှုန်းနှင့် ဖောက်သည်စာရင်းကို ဖုန်းထဲတွင် သိမ်းထားသည်။ အရောင်းကို ဖုန်းထဲ အရင်မှတ်ပြီး အင်တာနက် ပြန်ရလျှင် အလိုအလျောက် ပို့သည် — တစ်ကြိမ်သာ မှတ်တမ်းတင်သည်။
- ပို့ပြီး / စောင့်ဆိုင်းဆဲ အရောင်းများကို တစ်နေရာတည်းတွင် မြင်ရ
- Stock မလုံလောက်ခြင်းကဲ့သို့ ပြဿနာရှိသော အရောင်းကို စစ်ဆေးရန် ပြ

အကြွေးစာရင်း ရှင်းရှင်းလင်းလင်း
ဖောက်သည်တစ်ဦးချင်း၏ ကြွေးကျန်၊ အကြွေးကန့်သတ်ချက်နှင့် ဝယ်ယူမှုမှတ်တမ်း။ ကြွေးကောက်ခံခြင်းနှင့် စာရင်းရှင်းတမ်း ကြည့်ခြင်းကို ဖုန်းမှပင် လုပ်နိုင်သည်။
- ကန့်သတ်ချက် ကျော်သော အကြွေးရောင်းချမှုကို တား
- ဖောက်သည်အုပ်စုအလိုက် ဈေးနှုန်း နှင့် လျှော့ဈေး


Stock ကို ဖုန်းမှပင် စီမံ
ပစ္စည်း လက်ခံခြင်း၊ ဆိုင်ခွဲများကြား လွှဲပြောင်းခြင်း၊ Stock စစ်ဆေးခြင်းနှင့် ပြင်ဆင်ခြင်း။ Stock နည်းလာလျှင် သတိပေးသည်။
- ပို့ဆောင်ရေး ကုမ္ပဏီနှင့် ပို့ဆောင်မှု အခြေအနေ ခြေရာခံ
- Batch နှင့် သက်တမ်းကုန်ရက်ဖြင့် ဆေးဝါးစီမံ


အမြတ်နှင့် ကြွေးကျန်ကို ဖုန်းမှ ကြည့်
ရက်အလိုက် အရောင်း၊ အမြတ်၊ ငွေပေးချေမှု နည်းလမ်း၊ အရောင်းရဆုံး ပစ္စည်းများ၊ ကြွေးသက်တမ်း နှင့် Stock တန်ဖိုး — ဆိုင်ခွဲအားလုံးအတွက်။
- နေ့စဉ် အရောင်းအကျဉ်းကို ပုံနှိပ်နိုင်


ဘားကုဒ် Label ကို ဆိုင်တွင်ပင် ထုတ်
ပစ္စည်းကို စကင်ဖတ်ပြီး အရေအတွက် ရွေးကာ Label ပရင်တာဖြင့် ဈေးနှုန်းပါ ဘားကုဒ် Label များ ထုတ်ပါ။

Web dashboard တွင် လုပ်ငန်းတစ်ခုလုံး
ကွန်ပျူတာ browser မှ ဝင်ပြီး ဆိုင်ခွဲအားလုံးကို စီမံပါ။ Module များသည် Plan အလိုက် ကွာခြားသည်။
ဝယ်ယူမှု နှင့် ပေးသွင်းသူ
ဝယ်ယူမှု၊ ပြန်အပ်မှု၊ ပေးရန်ကျန်ငွေ နှင့် ပေးသွင်းသူ စာရင်း။
ဆိုင်ခွဲ နှင့် ဂိုဒေါင်
နေရာတစ်ခုချင်း၏ Stock၊ လွှဲပြောင်းမှု၊ စစ်ဆေးမှု နှင့် ပြင်ဆင်မှု။
ငွေစာရင်း
အသုံးစရိတ်၊ ဝင်ငွေ၊ ငွေစာရင်း အကောင့်များ နှင့် ငွေလွှဲ။
ဝန်ထမ်း နှင့် လစာ
တက်ရောက်မှု၊ လစာ နှင့် ဝန်ထမ်း အဆင့်အလိုက် ခွင့်ပြုချက်များ။
ဈေးနှုန်းစာရင်း နှင့် ပို့ဆောင်မှု
Quotation ကို အရောင်းအဖြစ် ပြောင်း၊ ပို့ဆောင်မှု မှတ်တမ်း။
အစီရင်ခံစာ အပြည့်အစုံ
အရောင်း၊ ဝယ်ယူ၊ အမြတ်အရှုံး၊ Stock၊ ဖောက်သည် နှင့် ပေးသွင်းသူ အစီရင်ခံစာ။
လက်လီ နှင့် လက်ကား Plan များ
ကျပ်ငွေဖြင့် ဈေးနှုန်းသတ်မှတ်ထားပြီး အခမဲ့ စမ်းသုံးနိုင်သည်။ ဆိုင်ကြီးလာသည်နှင့်အမျှ Plan မြှင့်နိုင်သည်။
မေးလေ့ရှိသော မေးခွန်းများ
ဖုန်းဆိုင်အတွက် IMEI ကို ဘယ်လို မှတ်ပါသလဲ။
ပစ္စည်း ဝယ်ယူစဉ် IMEI သို့မဟုတ် Serial နံပါတ်များကို စကင်ဖတ်၍ သွင်းပြီး ရောင်းချစဉ် ဖုန်းတစ်လုံးချင်းကို ရွေးပါသည်။ ရောင်းပြီးသော IMEI ကို အခြားဆိုင်ခွဲမှ ထပ်ရောင်း၍ မရပါ။
အကြွေးရောင်းရင် ကန့်သတ်ချက် ထားလို့ရပါသလား။
ရပါသည်။ ဖောက်သည်တစ်ဦးချင်းအတွက် အကြွေးကန့်သတ်ချက် သတ်မှတ်နိုင်ပြီး ကျော်လွန်လျှင် ရောင်းချမှုကို တားပါသည်။ ကြွေးကျန်၊ ကြွေးသက်တမ်းနှင့် စာရင်းရှင်းတမ်းကို ဖုန်းမှ ကြည့်နိုင်ပါသည်။
ဆိုင်ခွဲ များရင် Stock ကို ဘယ်လို စီမံပါသလဲ။
ဆိုင်ခွဲ သို့မဟုတ် ဂိုဒေါင် တစ်ခုချင်း၏ Stock ကို သီးခြား မှတ်ပြီး အချင်းချင်း လွှဲပြောင်းနိုင်ပါသည်။ ဆိုင်ခွဲ အရေအတွက်သည် Plan အလိုက် ကွာခြားပါသည်။
ရှိပြီးသား ပစ္စည်းစာရင်းကို ဘယ်လို ထည့်ရပါသလဲ။
Web dashboard မှ CSV ဖိုင်ဖြင့် ပစ္စည်းများကို တစ်ပြိုင်နက် တင်သွင်းနိုင်ပါသည်။ စတင်ချိန်တွင် ကျွန်ုပ်တို့ ကူညီပေးပါမည်။
သင့်ဆိုင်တွင် SyncPOS ကို စမ်းသုံးကြည့်ပါ
မိနစ်အနည်းငယ်အတွင်း ဆိုင်ကို ကိုယ်တိုင် ဖွင့်ပြီး ရက် ၁၄ ရက် အခမဲ့ သုံးပါ — ငွေပေးစရာ မလိုပါ။ Demo ကြည့်လိုပါက ဆက်သွယ်ပါ။